Below is a Burmese paragraph rendered with Padauk (Burmese font served by Google Web font)
လက်ပံတောင်းတောင် သပိတ်အရေးအခင်းသည်၊ လက်ပတောင်း၊ ဆားလင်းကြီးမြို့၊ မုံရွာတဘက်ကမ်းတွင်တည်ရှိသည့် ကြေးနီစီမံကိန်းအား ရပ်ဆိုင်းရေးအတွက် ဒေသခံ ရွာသူရွာသားများမှ ဆန္ဒပြသပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။ ထိုကြေးနီစီမံကိန်းအား ကန့်ကွက်ရန် စတင်ဆန္ဒပြခဲ့ကြသူများမှာ မုံရွာ ဆုတောင်းပြည့် ဘုရား၌ ဝတ်ပြုဆုတောင်းခဲ့ရာမှ သြဂုတ်လ ၃၀ရက်နေ့တွင် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၁၄ရက်မျှ အဖမ်းခံရပြီးနောက်ပိုင်း ၎င်းတို့အားလုံး ပြန်လည်လွတ်မြောက်ခဲ့သည်။ ထိုစီမံကိန်းအားရပ်တန့်ရန် လိုလားသူများမှလည်း ရန်ကုန်မြို့တွင် လူတထောင်ခန့် ဆန္ဒပြခဲ့ကြသည်။ ထိုစီမံကိန်းအား ပူးတွဲလုပ်ဆောင်နေသည့် ဦးပိုင်ကုမ္ပဏီ နှင့် ဝမ်ပေါင်ကုမ္ပဏီတို့မှ သဘာဝ ပါတ်ဝန်းကျင် ပျက်စီးမှုများသည့် ၎င်းတို့၏ စီမံကိန်းများကြောင့်မဟုတ်ဟု ငြင်းဆိုခဲ့သည်။